နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉/၂၀ ရက်လောက်မှာ
KIO/KIA မှ ခေါင်းဆောင်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဘို့အတွက် ဗန်းမော်-လွယ်ဂျယ်မှတစ်ဆင့် မိုင်ဂျာယန် ဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
KIA တပ်မဟာ(၃)မှူး ဒုတိယဗိုလ်မှူးကြီး မရန်တောင်လာကလည်း သူ့ရဲ့လက်အောက်ခံ တပ်ရင်းမှူး
တွေကို ငြိမ်းချမ်းရေးဆွေးနွေးနေကြလို့ အထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စရပ်တွေမလုပ်ဘို့၊ မတော်တဆ စစ်ကြောင်းတွေနဲ့တွေ့ခဲ့ရင်တောင်ရှောင်ပေးဘို့ လက်အောက်ငယ်သားတေကွ ကိုပါ ညွှန်ကြားထားတဲ့အတွက် ဒီရက်ပိုင်းအတွင်းအိပ်ရေး၀၀အိပ်ပြီးအနားရကြောင်း မိုင်ဂျာယန်ဒေသမှာရှိတဲ့ KIA အရာရှိငယ် တစ်ဦးကဆိုလာပါတယ်။

ကချင်ပြည်နယ်အတွင်း ထာဝရငြိမ်းချမ်းရေးရဖို့အတွက် စစ်ဘေးဒုက္ခသည် ပြည်သူလူထုရော နိုင်ငံရေး
ပါတီတွေရော၊ NGO အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေရော ၀ိုင်းဝန်းကြိုးပမ်းနေကြတဲ့အပြင် KIAအဖွဲ့အစည်းအတွင်းမှာရှိတဲ့ တပ်မှူးတပ်သားတွေပါ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာလိုလားတောင့်တနေကြကြောင်း
ဇွန်လ ၂၀ ရက်နေ့က လွယ်ဂျယ်မြို့မှ ဒေသခံတစ်ဦးက KDN ကို သတင်းပေးပို့လာပါတယ်။

No comments:
Post a Comment