ဤဘလော့စာမျက်နှာတွင် ဖော်ပြထားသော သတင်း၊ဆောင်းပါး၊ ကော်ပီ သတင်း၊ ဆောင်းပါးများအား ခွင့်ပြုချက်တောင်းစရာမလို ကြိုက်နှစ်သက်ရာ နေရာတွင် ကူးယူဖော်ပြနိုင်ပါသည်

Jul 7, 2012

ဒေါ်စုတစ်ယောက် ဗိုလ်ချုပ်အောင်ဆန်း ဆန္ဒကို မချိုးဖောက်စေလို


မဒမ် အနေနဲ့ ဖေဖေက ပြောတယ် စကားနဲ့ စင်ပေါ်ကို ဗကပ တွေရဲ့ ဖင်တွန်းမှူနဲ့ ၁၉၈၈ လူထု အုံကြွမှူ မှာ ထင်ပေါ်ခြင်းရောက်ရှိလာတာကို မဒမ် မငြင်းနိုင်ဘူးလို့ ထင်ပါတယ် ။
မဒမ် သုံးစွဲနေကျ BURMA ဆိုတဲ့ အသုံးအနူန်းကြောင့် အငြင်းပွါးစရာ တွေဖြစ်လာပါတယ် ။ယခင် သမိုင်းမှာ ဗမာ ဆိုတဲ့ အခေါ်အဝေါ်ရော မြန်မာ ဆိုတဲ့ အခေါ်အဝေါ်ကိုပါ အတူတူ သုံးစွဲလာခဲ့တယ် ဆိုပေမယ့် ယခု အချိန်များမှာ နှစ်ရှည်လ များစွာ ရန်ဖြစ်လာသော မျက်နှာခြင်း ဆိုင်ရန် ခပ်တင်းတင်းဖြစ်နေသော တိုင်းရင်းသား ညီအကို များကြားမှာ တော့ သုံးစွဲရန် မသင့်တော်တော့ပါ ။

 ဦးနု နိုင်ငံတော်ဘာသာ ဆိုပြီး ဗုဒ္ဒဘာသာကို ပြဌာန်းလိုက်ချိန်မှာတော့ တိုင်းပြည်ကြီး ဘာဖြစ်ခဲ့သနည်း ဆိုတာကို ပြန်လည်ငှဲ့စောင်း ကြည့်သင့်ပါတယ် ။ မဒမ် အနေနဲ့ နိုင်ငံတကာ ဝင်ဆံတယ် လို့ ယူဆရင် ခေတ်နည်းပညာများမှာ ကြည့်လိုပါတယ် ..လွန်ခဲ့သော ၃ နှစ်ခန့်က နည်းပညာဆိုင်ရာများ တွင် BURMA များ ပြည့်နှက်နေသော်လည်း ယခု အချိန်ဝယ် MYANMAR ဟူသော အရေးအသားများ သား အသုံးပြုလာကြပြီ ဖြစ်ပါတယ် ..ကုလသမဂ္ဂ တွင် တရားဝင် အမည်ပေါက်ထားသည်မှာ MYANMAR သာ ဖြစ်ပါတယ် …။
အတိတ်ကာလက ဗမာနိုင်ငံဟု သုံးစွဲခဲ့သဖြင့် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးနေထိုင်သော ပြည်ထောင်စုကြီးတွင် လိပ်ခဲတည်းလည်း အခြေအနေများ ဖြစ်ပေါ်ခဲ့ရသည်မှာ နှစ်ရာစုပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ် ။ တိုင်းရင်းသား လူမျိုးများကြားတွင် မဟာဗမာဝါဒ ကြီးစိုးသည် ဟူသော အတွေးနှင့် ဗမာများက ၄င်းတို့ ဌာနေ တိုင်းရင်းသားနယ်များကို နယ်ချဲ့သည် ဟူသော အတွေးများကို ဤ BURMA ဟူသော အသုံးအနူန်းက ဒိုင်းနမိုက်တစ်လုံး၏ စနက်ကြိုးတစ်ချောင်း ဖြစ်နေပါသည် .။

 ယခုအချိန်မှာ မဒမ် ပြောပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို မဒမ် လျှာ အပေါ်ကလွဲပြီး အလုပ် အဖြစ် ရောက်မလာသေးဘူး ။ ဒါပေမယ့် ဦးအောင်မင်းလို မဒမ်လောက် နာမည်မကြီး တဲ့ သာမာန်ဝန်ကြီးတစ်ပါးက လုပ်နေတာ အောင်မြင်မှူတွေ အများကြီးပါ ။မဒမ်ရဲ့ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ရေးကနေ အိမ်ဦးခန်းတတ်ပြီး ကန့်လန့်တိုက်နေတဲ့ တိုက်ကွက်က နှစ်ဦးနှစ်ဘက် အကျိုးယုတ်စေပါတယ် ။ မစ္စ် အဲရစ်အနေနဲ့ ကျမ သမတ္တ လုပ်ချင်တယ်..အာဏာလိုချင်တယ် တစ်ခွန်းသာ ပြောပါ..ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့ မဒမ် ။ မဒမ် လုပ်ကွက် တွေက အခုချိန်ထိ တိုင်းပြည်ကို အကျိုးမပေးပါဘူး ။ မဒမ် ဟာ နှမ်းဖြူးတတ်တဲ့ မယ်တော်ဆိုတာ လူတိုင်းသိနေကြပါပြီ ။ အဲ..မသိသေးတဲ့ နောက်ဆွဲ ဒေါင်းယောင်ဆောင်သော လင်းတ များတော့ ရှိသပေါ့ ။ ထားပါလေ..ဒါတွေက မပြည့်တဲ့ အိုးဘောင်ဘင် ခတ်သမို့ နားလည်ပေးပါတယ် ။ အမှိုက်ဆိုတာ အမှိုက်ပုံး နဲ့ပဲ တန်တာပါပဲလေ ။

သမိုင်းမှာ ဗမာ ရော မြန်မာ ပါ အတူတူ သုံးစွဲခဲ့တယ် ။ ဒါပေမယ့် မဒမ် အဖေ ကိုယ်တိုင် ဒါဟာ ကြာရှည်မှာ ပြည်ထောင်စု အတွက် အန္တရာယ် ဖြစ်လာစေတဲ့ အသုံးအနူန်းမို့ ဦးအောင်ဆန်းကိုယ်တိုင် မြန်မာလို ပြုပြင်ခေါ်ဖို့ ၁၉၄၆ ခု ဇွန် ၁၆ တိုင်းပြူပြည်ပြု လွတ်တော်မှာ အဆိုတင်သွင်းဖူးပါတယ် ။ ဒါကိုမှ မဒမ်က ဆက်လက် ပြီး BURMA လို့ ခေါ်နေမယ်ဆိုရင်တော့ သမီးမိုက် အဖြစ်ရော အဖေ့နာမည်ကို ယူသုံးနေတဲ့ သမီးဆိုး အနေနဲ့ပါ တိုင်းရင်းသားတွေ ကိုယ်တိုင် ဒဏ်ခတ်ပါလိမ့်မယ် ။ အဖေက လက်နဲ့ ရေးခဲ့တာကို မဒမ်က ခြေမနဲ့ ထိုးကလော် မဖျက်ဆီးပါနဲ့ ။
>>>ဆက်ဖတ်ရန်>>> >>

နောက်ဆုံးတင်ခဲ့သော ပို့စ် များ

My Blog List

နောက်ဆုံးပေးခဲ့သော မှတ်ချက်၊အကြံပြုစကားများ