လိုင်ဇာမှ ကေအိုင်အေတို့၏ လူသတ်ပွဲနှင့်ပတ်သက်ပြီး ကေအိုင်အို ဗဟိုကော်မတီ တစ်ဦး၏ ပြောကြား ချက်

Mar 6, 2013



ကေအိုင်အေ အဖွဲ့မှ လုံခြုံရေး ဖောက်ဖျက်မှု ခေါင်းစဉ်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးအား သေဒဏ်ပေးသည့် ကိစ္စ အပေါ် အင်တာနက် မီဒီယာများအတွင်း တွေ့ရှိရပါသည်။ ပုံနှိပ်စာမျက်နှာ အနေဖြင့် Popular ဂျာနယ်မှ ထိုကိစ္စ သည် မဟုတ်မမှန်ကြောင်း ဦးလနန်အား မေးမြန်း၍ ဖော်ပြထားသော်လည်း လိုင်ဇာနှင့် ဖားကန့် တစ် ၀ိုက်တွင် သတင်း များ ပျံ့နှံလျှက် ရှိသဖြင့် ကေအိုင်အို အဖွဲ့ဝင် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေးသူ။ အဘ..လိုင်ဇာမှာ အစိုးရတပ်နဲ့ ပူးပေါင်းတယ် ဆိုပြီး သေဒဏ်ကျခံရတဲ့ (၄၂) ဦး သတင်း ဟုတ် မ ဟုတ် သိချင်လို့ပါ။
ကေအိုင်အို။ အဲဒီ သတင်းက ဟုတ်တယ်။ ၂၃ ရက်နေ့က လုပ်တဲ့ အစည်းအဝေးမှာ ဂမ်ရှောင်က ဆုံးဖြတ်ခဲ့ တာပါ။ အခုတော့ သေဒဏ်ကို ရုပ်သိမ်းဖို့ တောင်းဆိုထားကြတယ်။ မင်းက ဘယ်က သိတာလဲ။

မေးသူ။ အင်တာနက်ထဲမှာ သတင်းတွေ့လို့ပါ အဘ။ ထော်ဆမ်အောင်နှင့် တိမ့်ဆောင် တို့လည်း စာရင်းမှာ ပါနေတယ် လို့ သိရပါတယ် ။ အခြေအနေလေးတွေ ပြောပြပါအုံး။
ကေအိုင်အို။ သူတို့ နှစ်ယောက်က ကေအိုင်အို အပေါ်မှာကော၊ ကေအိုင်အေ အပေါ်မှာ သစ္စာရှိကြပါတယ်။ ဒီ အမှု မှာလည်း သူတို့က ဆက်စပ်ပြီး ပါသွားတာပါ။ ၂၃ ရက်နေ့မှာ စစ်ဦးစီးချုပ် အစည်းအဝေး လုပ်ခဲ့ တယ်။ အစည်းအဝေး မှာ ထိန်းသိမ်းထားတဲ့ အဖွဲ့တွေကို လုံခြုံရေး ဖောက်ဖျက်မှုနဲ့ သေဒဏ် အမိန့်ပေးဖို့ ဗိုလ် ချုပ် ဂမ်ရှောင်က ပြောတယ်။ အစည်းအဝေး လာတက်တဲ့ တပ်မှူးတွေက ၀ိုင်းပြီး ကန့်ကွက်ကြရာ ကနေ စကားများ ကြတယ်။

မေးသူ။ ကေအိုင်အေ အဖွဲ့က ဒီလို သေဒဏ်ပေးလို့ ရလို့လား အဘ။
ကေအိုင်အို။ ရတယ်။ ကေအိုင်အေ စစ်ဦးစီးချုပ်ရဲ့ အခွင့်အာဏာမှာ စစ်ဦးစီးချုပ်မှ လုံခြုံရေး ထိခိုက်နိုင် မည့် ကိစ္စတွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်ထက် နိမ့်ကျသော တပ်ဖွဲ့ဝင်များအား ကောင်စီသို့ တင်ပြရန် မလို ဘဲ သေဒဏ် အပြစ်ပေးစီရင်ခွင့် ရှိတယ်လို့ ပါတယ်။ အခုတော့ အဲဒီအချက်ကို ပြန်သုံးသပ်ဖို့ ကေအိုင် အို ဗဟို ကော်မတီဝင်တွေက ပြောထားတယ်။

မေးသူ။ အဲဒါကို ကန့်ကွက်လိုက်တော့ ဘာတွေ ဖြစ်လာလဲ အဘ။
ကေအိုင်အို။ ဗိုလ်ချုပ် ဂမ်ရှောင် တအား ဒေါသထွက်သွားတယ်။ နောက်ရက်မှာ ကေအိုင်အေ အစည်း အေ ၀း ခန်းတွေထဲကို လက်နက်နဲ့ ၀င်ခွင့် မပြုတော့ဘူး။ နောက်ဆုံး ကိုယ်ရေးအရာရှိတွေပါ လိုက်လို့ မရတဲ့ အ ထိ တင်းကျပ်တာတွေ ဖြစ်လာတယ်။

မေးသူ။ အဘတို့ ကေအိုင်အို အဖွဲ့ကကော ကေအိုင်အေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ဘယ်လို တုန့်ပြန်လဲ။
ကေအိုင်အို။ သူတို့က ဥက္ကဌ ဦးဇောင်းဟရားနဲ့ ဦးအင်ဘန်လ ကို ကေအိုင်အေ စစ်ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာ ဏာတွေကို ပြန်သုံးသပ်ဖို့ တင်ပြတယ်။ နောက်ပြီး KIO/KIA/KIC အဖွဲ့တွေက တာဝန်ခံ အရာရှိ။ စစ် သည် တွေအားလုံးကို အမိန့်နာခံဖို့ အကြံပြုစာတွေ ရေးကြတယ်လို့ သိရတယ်။ ကေအိုင်အို ဗဟိုကော်မ တီေ တွ က  ဥက္ကဌအာဏာနဲ့ လွှတ်ပေးဖို့ စီစဉ် ခိုင်းထားတယ်။ နောက်ပြီး အရေးကြီး ကိစ္စတွေကို ဆုံးဖြတ် ဖို့ ဗဟို စီရင် ဆုံးဖြတ်ရေး အဖွဲ့ကို ဖွဲ့ဖို့လည်း တင်ပြထားတယ်။

မေးသူ။ သူတို့ ဆွေမျိုးသားချင်းတွေနဲ့ ကေအိုင်အေ ဆက်ဆံရေးကကော ဘယ်လို ရှိလဲ ခင်ဗျ။
ကေအိုင်အို။ ပြည်ပ အဖွဲ့အစည်းတွေ၊ မဟာမိတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ ကေအိုင်ေ အ စစ်ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင်တွေဟာ အာဏာသိမ်းတဲ့အထိ ဖြစ်စေတဲ့ အချက်တွေ ပါလို့ ပြင်ဆင်ဖို့ တောင်း ဆို နေကြတယ်။ အခုဆိုရင် အရာရှိကြီးတွေက သူတို့ရဲ့ ဆွေမျိုးတွေကို ခေါ်ထားပြီး ကိုယ်ပိုင်တပ် ဖွဲ့တွေ လုပ်နေ ကြပြီ။ ရှေ့တန်းမှာ ရောက်နေတဲ့ အရာရှိအဆင့် မိသားစုဝင်တွေကို နောက်တန်းကို ပြန်ေ ခ်ါနေ ကြလို့ မကျေ မနပ် တွေ ဖြစ်နေကြတယ်။

မေးသူ။ အခုအခြေအနေက ကော ဘယ်လို ရှိပါသလဲ။
ကေအိုင်အို။ ဗိုလ်ချုပ် ဂမ်ရှောင်ကို မကျေနပ်ချက်တွေ များလာကြတယ်။ အခု ကေအိုင်စီ ဒုဥက္ကဌ အင်ဘန် လ လည်း ဗဟိုကို ပြန်မလာဘဲ ရှောင်နေတယ်။

မေးသူ။ အဘ အနေနဲ့ကကော ဒီကိစ္စအပေါ် ဘယ်လို သဘောထားလဲ။
ကေအိုင်အို။ ငါ့အနေနဲ့ကတော့ ဒီလို သေဒဏ်အပြစ်ပေးတဲ့အစား တစ်ခြား ပြစ်ဒဏ်တွေပဲ ပေးစေ ချင် တယ်။ တပ်ဖွဲ့ဝင်တွေကို သက်သေ မခိုင်မာဘဲ ဒီလို သေဒဏ်ပေးရင် သူတို့ ဆွေမျိုးသားချင်းတွေက လက်ခံ မှာ မဟုတ်ဘူး။ အခုတောင် လာပြောကြတာတွေ အများကြီး ရှိတယ်။ သေဒဏ် အပြစ်ပေးတာနဲ့ ပတ်သက်ြ ပီး စပေါ့မှော် အဖြစ်အပျက်ကို သင်ခန်းစာ ယူသင့်တယ်လို့ ထင်တယ်။

မေးသူ။ ကျေးဇူးပါ အဘ။

ယခု အမေးအဖြေများကို ကြည့်၍ အဖြေများကို ဖြေကြားသူမှာ မည်သူဖြစ်ကြောင်း စစ်တပ်မှ ပုဂ္ဂိုလ်များက တော့ သိမည် မဟုတ်။ သို့သော် မီဒီယာများနှင့် KIO/KIA အဖွဲ့ဝင်များကတော့ သိမည် ဖြစ်သည်။ OE ဘယ် သူ လဲ ဆိုသည်ကို စုံစမ်းချင်သူများ ထို ကေအိုင်အို ကော်မတီဝင်ကြီးအား မေးမြန်းပါ။ သို့သော် ကေအိုင်အေ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချနေသည့်သူ ဖြစ်ကြောင်းတော့ လုံးဝ(လုံးဝ) သိ မည် မဟုတ်ပါ။

3 comments:

Anonymous said...

ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ပြောတာေ၇းတာတွေကိုယုံလို့မ၇ပါဘူး အဲ့ဒီအဖွဲ့တွေက ပြောတာေ၇းတာတွေထဲမှာ မှန်တာတွေပါတယ်ဆို၇င်တောင် အပြည့်အစုံတော့မဟုတ်ဘူး ဖြစ်၇ပ်မှန်တစ်ခုကိုတောင် အဲ့ဒီ အတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ပြန်ေ၇းပီဆို၇င် အပြည့်အဝ ယုံလို့မ၇တော့ပါဘူး

အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေဟာ အစိုး၇ဖက်က အပြစ်တွေ အမှားတွေကို ၇ှာပြ ထောက်ပြ၇ာမှာသာေ၇ှာမွေးကို ဗာ၇ာဏသီ ဖြစ်အောင် ချဲ့ကားပီးေ၇းကြတာပါ သူတို့ချဲ့ကားပီးေ၇းစ၇ာေ၇ှာမွေးလောက် သေးတဲ့အပြစ်မျိုး အမှားမျိုးတောင် အစိုး၇ဖက်ကမလုပ်ထားတဲ့အခြေအနေမျိုးဆို၇င်တောင် ဒီမိုလုပ်စားမီဒီယာတွေက အမွေးမ၇ှိတဲ့ေ -ွး ဥမှာ သန်း၇ှာသလို ပြူးပြဲပီး၇ှာနေကြတာပါ မြန်မာအစိုး၇မကောင်းကြောင်း မပြော၇င် သူတို့ကို ထောက်ပံနေတဲ့ နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းတွေက ထောက်ပံငွေတွေ လျှော့ချမှာစိုး၇ိမ်လို့ အတိုက်အခံတွေ ဒီမိုလုပ်စားမီဒီယာတွေက အဲ့လိုေ -ွး ဥမှာ သန်း၇ှာနေကြတာပါ

အတိုက်အခံဖက်ကလူတွေ၇ဲ့ အသုံးမကျတာတွေ အကျင့်စာ၇ိတ်တမကောင်းတာတွေ ကလိမ်ကကျစ်ကျတာတွေ အောက်တန်းကျ ယုတ်မာတာတွေ လူမှုေ၇းဖေါက်ပြန်တာတွေ ၇ာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုတော့ တစ်လုံးတစ်လေမှမေ၇းပါဘူး ဒါမျိုးကျတော့ အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ကြောင်တောင်ကန်းနေကြ နှာစေးနေကြ ဆွံ့အ နေကြပါတယ်

အဲ့လိုမို့ အကြောင်းအ၇ာတစ်ခု အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပီး အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက တစ်လုံးတစ်လေမှ မပြောဘူးမေ၇းဘူး ဆိုတာနဲ့ အဲ့ဒီ အကြောင်းအ၇ာအဖြစ်အပျက်ဟာ မဖြစ်ခဲ့ဘူးလို့သတ်မှတ်လို့မ၇ပါဘူး

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် တို့ ကချင် ပါဂျောင် မြောက်ပိုင်းABSDF မှာကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကိုကမ်းကုန်အောင်ချိုးဖေါက်ခဲ့တာကို NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက သိ၇က်နဲ့ နှစ်(၂ဝ)ကျော် ဖုံးကွယ်ထားခဲ့တယ်

ဗဟိုABSDF ဥကဌ ဒေါက်တာနိုင်အောင် ၇ဲ့သဘောတူခွင့်ပြုချက်နဲ့ မြောက်ပိုင်း ABSDFမှာေ၇ာ်နယ်အောင်နိုင် တို့က ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ခဲ့တဲ့ မြောက်ပိုင်း ABSDFသတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာ၇ှင်းပွဲ (၂)ခုကို (၁၉၉၂)မှာကတဲက နိုင်ငံတော်ကပြုလုပ်ပီး တိုင်းပြည်ကိုတ၇ားဝင် တင်ပြခဲ့ပီးဖြစ်ပါတယ် မြောက်ပိုင်း ABSDFမှာ နှိပ်စက်သတ်ဖြတ်မှုတွေဖြစ်ပီးစ (၁၉၉၂)မှာကတဲက အဲ့ဒီသတင်းစာ၇ှင်းပွဲ ၂ခုကို နိုင်ငံတော်ပိုင်သတင်းစာတွေမှာဖေါ်ပြခဲ့တာပါ အဲ့ဒီလို နိုင်ငံတော်ကပြည်သူတွေကို တ၇ားဝင်အသိပေးဖေါ်ပြခဲ့တာတောင် အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက မသိချင်ယောင်ဆောင်ခဲ့ကြတာပါ

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ လူ(၁ဝဝ)ကျော်ကိုဖက်ဆစ်ဂျပန်ထက်ဆိုးတဲ့နည်းမျိုးစုံနဲ့နှိပ်စက်မှု လူ(၄ဝ)ကိုသတ်ဖြတ်မှုတွေကို အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက ဝိုင်းကာကွယ်ပေးခဲ့ကြတာပါ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို အတိုက်အခံခေါင်းဆောင်တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေအားလုံးက ဝိုင်းဖုံးပေးခဲ့ကြတာပါ

အဲ့လို အတိုက်အခံဖက်က ဒေါက်တာနိုင်အောင် တို့ ကျူးလွန်ခဲ့တဲ့ လူသတ်မှုကြီးတွေ ၇ာဇဝတ်မှုကြီးတွေ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို ထိမ်ချန်ဖုံးကွယ်ပေးတတ်တဲ့ မ၇ိုးမသားလုပ်နေကျ NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုလုပ်စားမီဒီယာတွေကို ယုံလို့မ၇ပါဘူး

Anonymous said...

ဒါကတော့ အတူတူပါပဲ။ စစ်အစိုးရ လက်ထက်တုံးက နိုင်ငံခြားရေး ၀န်ကြီးလုပ်ခဲ့တဲ့ ဦးအုန်းဂျော် မိသားစုနဲ့တကွ USA ကို ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသွားတာ အစိုးရဘက် ကရော၊ အတိုက်အခံဖက်ကရော ဖုံးဖိထားခဲ့ကြ တယ်။

အစိုးရကတော့ သိက္ခာပိုင်းအရ ထုတ်မပြောတာ ဖြစ်နိုင်ပါတယ်။ အတိုက်အခံ မီဒီယာတွေကျ ဘာဖြစ်လို့ပါလိမ့်။ ဦးအုန်းဂျော်နဲ့ သူ့မိသားစု လုံခြုံရေးအတွက်လို့ စဉ်းစားရတာပဲ။

M.Brang Awng said...

Is Media = Opposite ?

They always create public riotous.So they can get good

income from publication.

Followers