၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီ လူငယ်အဖွဲ့ ဖွဲ့မည်

Apr 30, 2013


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးေ ကာက် ပွဲ အောင်နိုင်ရေး အတွက် လူငယ်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ လူ ငယ် ညီလာခံတရပ်ကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သ တင်းရရှိ သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံတ၀န်းမှ လူငယ်များပါဝင်သော လူငယ်တွေ့ဆုံပွဲနှင့် လူ ငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့များ ဖွဲ့စည်းရေး အစည်းအဝေးတရပ်ကို နေပြည်တော်တွင် မေလ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်မည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဖြစ်သော သမ္မတဦးသိန်းစိန် တက်ရောက်မည် မ တက်ရောက်မည်မှာ မသေချာသေးကြောင်း နေပြည်တော်ရှိ ပါတီဌာနချုပ် လူငယ်ရေးရာဌာန ဌာနခွဲမှူး ဦးသောင်း ထိုက်က ဧရာဝတီသို့ ပြောသည်။

“လူငယ်တွေ့ဆုံပွဲဆိုပေမယ့် တနိုင်ငံလုံးက လူငယ်တွေ တက်ကြမယ်။ လူငယ်ညီလာခံ လို့လည်း ပြောလို့ ရပါ တယ်။ အခုထက်ထိတော့ ပါတီရဲ့အကြီးအကဲတွေထဲက သူရဦးရွှေမန်းတက်မယ်။ သမ္မတ ဦးသိန်းစိန် ကေ တာ့ မဖိတ်ရသေးဘူး၊ နီးမှ ကပ်ဖိတ်မှာလားတော့မသိဘူး။ လူငယ်အဖွဲ့တွေ ပြန်ပြီးဖွဲ့စည်းမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ အဓိက ရည်ရွယ် ချက်ပါပဲ” ဟု ဦးသောင်းထိုက်က ဆိုသည်။

ကြံ့ခိုင်ရေး ပါတီ၏ လူငယ်တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လူငယ်များအပြင် ပြည်နယ်နှင့် တိုင်းဒေ သကြီး ပါတီဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြမည်ဟု သိရှိရ သည်။

“ပြည်နယ် နှင့် တိုင်းဒေသကြီးတခုစီက လူငယ်ဦးဆောင်သူ ၂၀ တက်ဖို့ ဖိတ်ထားတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ် တိုင်း ဥက္ကဋ္ဌ တွေလည်း တက်မယ်။ စုစုပေါင်း ၆၀၀ ကျော် တက်မယ်” ဟု ဦးသောင်းထိုက် ရှင်းပြသည်။

ကြံ့ခိုင်ရေးပါတီက လူငယ်တွေ့ဆုံပွဲကို မေလ လဆန်းပိုင်းတွင် ကျင်းပရန် ပြင်ဆင်နေချိန် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က လူငယ်ညီလာခံတရပ်ကို ယခုမေလအတွင်းတွင် ကျင်းပရန် စီစဉ်နေကြောင်း အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူငယ်အဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်မှု အပေါ် ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက နိုင်ငံရေးပါတီတရပ်အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုသော နိုင်ငံရေး ဆောင်ရွက်ချက် အဖြစ် ရှုမြင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးေ ဆာင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ခြေ မြင့် မားနေကြောင်း သုံးသပ် ပြောဆိုသည်။

“၂၀၁၅ က သိပ်မလိုတော့ဘူး။ အခုကတည်းက စည်းရုံးထားမှ ကောင်းတာပေါ့။ စောစောစည်းရုံးနိုင်လေ ကောင်းေ လ ပဲ။ စောစောလုပ်တာ မှန်တာပေါ့။ လက်ရှိ အခြေအနေမှာတော့ ဒေါ်အောင်ဆန်း စုကြည်ဦးေ ဆာင် တဲ့ NLD အပြတ်နိုင်မယ် ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုက လျော့မ သွားေ သး ဘူး။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင် အမှားအယွင်း တခုခုလုပ်မိလို့ ရင်တော့ လူထုထောက် ခံမှုလျော့ သွားနိုင် တာပေါ့” ဟု သခင်ချန်ထွန်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ် အများစု အနိုင်ရရှိခဲ့ပြီး ယခင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် စစ်ဗိုလ် ချုပ်ဟောင်းများဖြင့် အဓိက ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သည်။

ဧရာဝတီ

4 comments:

Anonymous said...

မည်သည့်အရာမှကြိုပြောလို့မရပေ ဖြစ်နိုင်ချေအနေကတော့
သခင်ချန်ထွန်းပြောတာမမှားဘူးပြောလို့ရပေမယ့် အထင်ဆိုတာ
တစ်ကယ်မှမဟုတ်တာဆိုတော့လဲ ပုဂ္ဂိုလ်ရေးအားသာချက်ရှိတဲ့သူကို
ညဏ်ရည်မြင့်မားစွာနဲ့ကျော်ဖြတ်နိုင်ခဲ့တဲ့သမိုင်းတွေလဲ နိုင်ငံတိုင်းရဲ့
နိုင်ငံရေးစာမျက်နှာတွေထဲမှာအထင်အရှားရှိနေပါတယ် ဘာပဲဖြစ်ဖြစ်
ပွဲကြည့်ပရိသတ်တစ်ယောက်အနေနဲ့ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲ
ဟာအကြိတ်အနယ်ရှိမှာပါ အပြတ်အသတ်လို့တော့မမြင်ပါဘူး တစ်ကယ့်
အဖြေကိုတော့ ၂၀၁၅ ငွေရောင်ပိတ်ကားပေါ်မှာပဲ ရှု့စားကြပေကုန်

Anonymous said...

NLDဟာ အစိုးရအပေါ် အတိုက်အခံလုပ်လိုစိတ်တွေသာရှိပြီး အစိုးရအမြင်အတွေးမရှိသရွေ့ အတိုက်အခံအဖြစ်ပဲ ဆက်ရှိနေမှာပါ။ အထူးသဖြင့် အပြာရောင်ကိုမချွတ်ပဲ ၀တ်မယ်ဆိုတဲ့ ခေါင်းဖြူ လူနီကြီးစိုးနေသရွေ့ အစိုးရဖြစ်ဖို့လမ်း မမြင်ပါ။

kubarterrymon said...

ဝင်းတင်လား အလကားကြီးမိုက်ကြီးပါကွာ ဒီကောင့်ကိုအရှုးထောင်ပို့သင့်နေပြီ ဒါမှမဟုတ်လဲ ငရဲပြည်ပို့လိုက်တာကောင်းမယ်။

Anonymous said...

န အ ဖ ပြီးတော့ကြံ့ ဖွံ့
ပြီးတော့ NLD

Followers